ZAW HLAING TUN Computer Technology Sharing
Copyright by:zawhlaingtun 2011
Window 7 သမားများအတွက် ဇော်ဂျီ font
Window 7 သုံးပြီး ဇော်ဂျီဖောင့် သုံးမရလို့ မေးမေးလာတဲ့ စာဖတ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ယခု ဖော်ပြပေးတဲ့ ဇော်ဂျီဖောင့် Installer ကို အသုံးပြုကြည့်ပါ။ ဒီဖောင့်က Window 7 မှာ အဆင်ပြေတယ် ပြောပါတယ်။ သုံးကြည့်ပါ။ မိမိအနေနဲ့တော့ မစမ်းထားတဲ့အတွက် မသိပါ။ Window XP ကို အသုံးပြုနေတဲ့အတွက်ကြောင့်ပါ။ ဒီဖောင့် ကိုဒေါင်းပြီး အရင်ဆုံး Install လုပ်လိုက်ဗျာ ပြီးရင်တော အောက်မှပေးထားတဲ့လင့်ခ် ကိုဒေါင်းလိုက် ဒေါင်းပြီးရင် zip ဖြည်လိုက်ဗျာ အဲဒီထဲမှာပါတဲ့ setup ဆိုတာလေးကို doubel click နဲ့ Install လုပ်လိုက်ပေါ့ဗျာ…။ windows7 64bit နဲ့ zawgyi font ရိုက်လို့ မရတဲ့ပြဿနာတက်နေတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်… xp အတွက် ဇော်ဂျီ font က တော့ sidebar ရဲ့ ဘယ်ဖက်မှာရှိပါတယ် ဒေါင်းလို့ရပါတယ်။ window 7 အတွက်ကတော့ အခု အောက်မှာပေးထားတဲ့ လင့်ခ်လေးက ဒေါင်းလော့ခ်ဆွဲလိုက်ပါခင်ဗျာ။ window 7 သမားတွေ အဆင်ပြေ ချောမွေ့နိုင်ကြပါစေသတည်း..။
26 responses to “Window 7 သမားများအတွက် ဇော်ဂျီ font
  1. aung kyaw myint May 1, 2012 at 12:03 pm
    g talk မှာ မြန်မာလိုရေးလို့ရပြီး ဟိုဘက်ကရေးတာကို ဖတ်လို့မရဘဲ တုန်းလေးတွေပဲ ပေါ်နေတယ်ဗျာ ။ အဲဒါ ဘယ်လိုလုပ်ရမလဲ ကူညီပေးပါအုံး ။ window 7 ပါ
    • zawhlainghtun May 4, 2012 at 4:08 am
      အဲဒါကတော့ ၀င်းဒိုး ၇ မှာ 32 bit font လား 64 bit font လားဆို တာပြန်ကြည့်ရပါမယ်။ တစ်ခါတလေ window 7 ထဲမှာ zawgyi keyboard layout ကို နှစ်ခုလောက်ထပ်ပြီး install လုပ်ထားခဲ့မိရင်လည်း အတုံးလေးတွေပေါ်ပါတယ်။ ပြန်ပြီးတော့ check လုပ်ကြည့်ပါ။
  2. မင်းသန့် May 4, 2012 at 11:55 am
    မန္တလေးတို့ လိုရိုက်ရင် တဝင်းပူ ကနောက် နည်းနည်းရောက်နေတယ် ဘယ်လိုလုပ်ရမလဲ
    • zawhlainghtun May 6, 2012 at 10:49 am
      အဲဒါက ဇော်ဂျီမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြသနာလေးတစ်ခုပါ။ ကျနော့်စက်မှာလည်း အဲလိုတစ်ခါတလေပေါ်ပါတယ်။ ဒါကတော့ ဇော်ဂျီရဲ့ စနစ်ကြောင့်ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် ပြန်ဖြုတ်ပြီး ပြန် install လုပ်ပြီး သုံးကြည့်ကြည့်ပါ
  3. hinhtat August 16, 2012 at 7:29 am
    ကျော်ငြိမ်းထွန်းကျောက်တော်မြို့နယ်
  4. nay myo August 29, 2012 at 4:25 pm
    အာ….မရ၀ူးဟ….ဘာလို့ပါလိမ့်
  5. Aung Aung Sai October 17, 2012 at 5:30 pm
    g talk မှာ မြန်မာလိုရေးလို့ရပြီး ဟိုဘက်ကရေးတာကို ဖတ်လို့မရဘဲ တုန်းလေးတွေပဲ ပေါ်နေတယ်ဗျာ ။ အဲဒါ ဘယ်လိုလုပ်ရမလဲ ကူညီပေးပါအုံး ။ window 7 64bit ပါ
  6. Aung Aung Sai October 17, 2012 at 5:30 pm
    အပေါ်ကအကိုတို့ဖြစ်တာနဲ့တူနေတယ်
  7. zawhlainghtun October 21, 2012 at 4:53 am
    64bit OS တွေက နည်းနည်းပြသနာရှိပါတယ်။ Gtalk ကို Uninstall လုပ်ပြီး ပြန် Install လုပ်ကြည့်ပါ။
  8. sithu November 30, 2012 at 3:23 pm
    window7 ကဇော်ဂျီဖောင်နဲ့ရေးလို့ရတယ်ပြန်ဖတ်တဲ့ခါမှာတော့?????ဖြစ်နေတယ်ဘယ်လိုလုပ်ရမလဲကူညီပေးပါအုံးခင်ဗျာ………
    • zawhlainghtun December 2, 2012 at 11:12 am
      ဘာနဲ့ဖတ်တာပါလဲ။ Microsoft Word နဲ့ဖတ်တာလား။ အဲဒါဆိုရင်တော့ စာသားအားလုံးကို Select လုပ်ပြီး Zawgyi font ပြောင်းလိုက်ပါ။ Notepad နဲ့ဆိုရင်တော့ Save လုပ်ကတည်းကနေ Save type မှာ Unicode စနစ်နဲ့ပြောင်းသိမ်းရပါမယ်။ ဒါမှ ပြန်ဖတ်တဲ့အခါ ဇော်ဂျီနဲ့ဖတ်လို့ရပါမယ်။ မဟုတ်ရင်တော့ ??? ပေါ်နေပါလိမ့်မည်။
  9. myat December 16, 2012 at 2:56 am
    win 7 g talk မှာ မြန်မာလိုမပေါ်ပဲ လေးထောင့်အတွက်လေးတွေပဲပေါ်နေလို့ပါ ဇော်ဂျီင်္ နဲ့ ဂျီတော့ ကိုလည်းပြန်တင်တာ2ခါ 3သုံး ခါ၇ှိပီ မရသေးဘူး ကူညီပါဦး 32 bit ပါ အဆင်ပြေရင်မေးပို့ပြီးဖြေပေးပါနော်
    • zawhlainghtun December 18, 2012 at 9:57 am
      Gtalk ရဲ့ Setting ထဲက General ထဲက Change Font မှာရော zawgyi one ဆိုတာကို ပြောင်းပြီးပြီလားမသိပါ။ အဲလိုပြောင်းလို့ လေးထောင့်ပေါ်နေသေးတယ်ဆိုရင် ပြန်ဖြုတ်ပြီးတော့ https://sites.google.com/site/bloggerzin/Zawgyi_Keyboard.rar?attredirects=0&d=1 အခုပေးထားတဲ့လင့်ခ်က ဇော်ဂျီကို ဒေါင်းပြီးတော့ ပြန်သွင်းလိုက်ပါ။ အဆင်ပြေပါစေ
  10. linlin March 30, 2013 at 5:48 pm
    ဖိုင်အားလုံးလဲမြန်မာစာပေါ်ပါတယ် ဒါပေမယ့် ဖိုင်နာမည်ကို search Conputer ဘားပေါ်ကရှာလိုက် အတုံးလေးတွေပဲပေါ်တယ်
    ဇော်ဂျီတွေလည်းစုံပါပြီ ဘယ်လိုလုပ်ရမလဲ ကူညီပါဦး
    • zawhlainghtun April 8, 2013 at 1:36 am
      search computer ဘားပေါ်ကနေ ဖိုင်တွေကို ရှာလို့ရမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင်ဇော်ဂျီနဲ့ရိုက်လိုက် လို့ အတုံးလေးတွေပဲပေါ်တာပါ။ ဖိုင်နာမည်တွေကို အင်္ဂလိပ်လိုပေးတာ ပိုကောင်းပါလိမ့်မယ်။ ရှာရလွယ်ပါတယ်။ ဇော်ဂျီဖောင့်တွေက မဖွံ့ဖြိုးသေးတဲ့အတွက် ၀င်းဒိုးကို အထောက်အပံ့ ပေးရာမှာ အဆင်မပြေသေးပါဘူး။ အင်တာနက်သုံးရုံ ဂျီတော့ခ့်ပြောရုံအတွက်တော့ ဇော်ဂျီက အဆင်ပြေမှာပါ။
  11. ngal May 1, 2013 at 5:12 am
    ကျွန်တော်ကွန်ပျူတာမှာလဲဇော်ဂျီပျောက်နေတယ်ဗျာ့ ဘယ်လိုမှလည်းလုပ်မရဘူးအကူအညီလေးပေးပါအုံး
    • zawhlainghtun May 18, 2013 at 11:52 pm
      နဂိုမူရင်း ဇော်ဂျီကို uninstall လုပ်လိုက်ပါ။ ပြီးရင် အသစ်ပြန်သွင်းလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မည်။
  12. အောင်ဆန်း October 21, 2013 at 8:49 pm
    ကျနော်က အေဆာအက်စ်ပိုင်းယား ဗွီ ဖိုက်၊ ၀င်းဒိုး ၇ ၆၄ ဘက်သုံးပါတယ်။ဘယ်လိုဖြစ်သွားတယ် မပြောတတ်ဘူး။ အင်္ဂလိပ် လို ပြန်ပြောင်းလို့ မရဘူးဖြစ်နေတယ်။အန်အင်စတော လုပ်တော့လည်း ဒက်ဖော့ဖောင့် ဖြစ်နေတယ်ဆိုပြီး လုပ်မရဘူးဖြစ်နေတယ်ဗျာ။ကူညီပါအုံး။
  13. zawmoe moe December 6, 2013 at 12:43 pm
    ဟုတ်ကဲ ကျနော် စာရေးရတာအင်္ဆမပြေဘူး ငသတ်ကိုရုာရေးလို့မရဘူး
  14. nay September 20, 2014 at 3:03 pm
    ctrl+shift+4ကိုနှိပ်ရင်ဘာမှမပေါ်ဘူး…ကူညီပါ..က္ကုဒီလိုစာလုံးကိုလိုတာပါ…
Leave a reply to zawhlainghtun Cancel reply
This site uses Akismet to reduce spam. Learn how your comment data is processed.